Friday, November 20, 2015

iOS Device တွေကို Passcode မေ့သွားလို့ Firmware ပြန်တင်ချင်သူများအတွက် Firmware ပြန်တင်နည်း






iOS Device တွေကို Passcode မေ့သွားလို့ဘယ်လိုပြန်လုပ်ရမလဲလို့မေးထားတဲ့ သူတွေအတွက် Firmware ပြန်တင်နည်းလေး
ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ iOS Device တွေမှာ Passcode မေ့သွားရင်တော့ အများဆုံးက Firmware ပြန်တင်ရတာများပါတယ်။
Passcode ပြန်ဖြည်နိုင်တဲ့ နည်းလမ်းရှိပေမဲ့ Passcode မေ့နေတဲ့အချိန်မှာ ဖုန်းနဲ့ computer နဲ့ချိတ်ဆက်ရင် Driver မသိတော့တာကြောင့်
အဆင်မပြေဖြစ်တက်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်လိုပြန်လုပ်ရမလဲဆိုရင်တော့ iOS တွေက Android တွေလို Recovery mode ကနေ
ဝင်ရောက်ပြီး Factory Data Reset ချလို့အဆင်မပြေတာကြောင့် Firmware ပြန်တင်မှသာအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ Firmware ပြန်တင်ဖို့အတွက်ဆိုရင်တော့ မေးစရာရှိလာပါမယ်။ ဖုန်းကိုကျတော်တို့ computer ကနေ iTune နဲ့ချိတ်ဆက်
ပြီးပြန်တင်ရမှာဖြစ်တဲ့အတွက် computer ကနေ ဖုန်းကိုမသိတဲ့အချိန်မှာ ဘယ်လိုလုပ်နိုင်ပါသလဲလို့မေးလို့ရပါတယ်။ အဲဒါကြောင့် ကျတော်
computer ကနေဖုန်းကို Driver သိရှိစေရန် Recovery mode ကနေ computer မှ iTune နဲ့ ချိတ်ဆက်ပြီး Firmware တင်နည်းလေးမျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းက service သမားတိုင်း နဲ့ iOS User အချို့အတွက်ကတော့ သိရှိပြီးသားဆိုပေမဲ့ မသိသေးတဲ့သူတွေလဲ
ရှိလို့မေးမြန်းလာတာကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Computer မှာ iTune ဆိုတဲ့ Software ရှိဖို့လိုအပ်ပါတယ်။ iTune software မရှိပါက Download အရင်ရယူပါ။
Download iTune >>> https://www.apple.com/itunes/
Download ရယူပြီးရင်တော့ iTune Setup.exe အား computer မှာဖွင့်ပြီး iTune Software အား install ပြုလုပ်ပါ။
Computer မှာ iTune ရရှိပြီဆိုရင်တော့ ဖုန်းအတွက် လိုအပ်တာကတော့ Firmware ပဲဖြစ်ပါတယ်။ iOS Device တွေက Firmware တင်မယ်ဆိုကိုယ့်မှာရှိတဲ့ Firmware က Lastest ဖြစ်ဖို့လိုအပ်ပါတယ်။ Firmware မရှိပါက ခုလက်ရှိ Lastest version Firmware အား အောက်ကလင့်ကနေDownload ရယူပါ။
iOS Lastest version Download >>> http://www.myanmarmobileapp.com/category/ios-firmware
Firmware ရယူပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ Computer ကို Internet connection ရရန်ပြုလုပ်ပေးရပါမယ်။ iOS Firmware တင်တဲ့အခါ computer မှာ Internet Connection ရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် Computer သို့ ဖုန်းတစ်လုံးလုံးကနေဖြစ်ဖြစ် internet ရရှိစေနိုင်မဲ့ တနေရာရာကနေ Internet Connection လွှင့်ပေးထားပါ။ Computer မှာ internet connection ရပြီဆိုရင်တော့ Passcode ကျနေတဲ့ iOS Device ကို Power ဖွင့်ထားရက်နဲ့ပဲ Home Key + Power Key ကိုတွဲပြီးနှိပ်ထားလိုက်ပါ။ Power OFF သလိုမျိုး Screen မှိတ်သွားပါမယ်။ မလွှတ်ပဲဆက်ဖိထားပါ Apple Logo တက်လာပါမယ်။ မလွှတ်ပဲဆက်ဖိထားပေးပါ။ ခဏနေရင် iTune နဲ့ USB Connect လုပ်ခိုင်းတဲ့ပုံလေးပေါ်လာပါမယ်။ ဒါဆိုသင့်ရဲ့ iOS Device မှာ Recovery mode ကိုရောက်ရှိပြီဖြစ်ပါတယ်။ ဖုန်းကို Computer နဲ့ချိတ်ဆက်ပေးလိုက်ပါ။ ခဏလောက်စောင့်ပေးပါ။ iTune Software အားဖွင့်စရာမလိုပါဘူး။ Computer ကနေ iOS Deviceအားသိပြီဆိုရင် iTune Software အလိုလိုပွင့်လာပါလိမ့်မယ်။ iTune Software ပွင့်လာတာနဲ့ မိမိရဲ့ iOS Device ရဲ့ name နဲ့အတူ Update နဲ့ Restore ဆိုတဲ့စာတန်းလေးတွေပါ iTune Software မှာပေါ်လာပါမယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ iOS Device အား Firmware တင်နိုင်ရန် Shift key ကိုဖိထားပြီးRestore ဆိုတဲ့စာတန်းလေးကို နှိပ်ပေးလိုက်ပါ။ Box လေးတစ်ခုပေါ်လာပါမယ်။ Box လေးထဲကနေ ကိုယ် Download ရယူထားတဲ့ Firmware ကို Location ရွေးပေးလိုက်ယုံပါပဲ။ iTune ကနေ Firmware ကိုဖြည်ချသွားပေးပြီး iOS Device အား Firmware တင်ပေးသွားပါလိမ့်မယ်။ အချိန်ကြာတာကတော့ Internet Connectionအပေါ်မူတည်ပါတယ်။



iOS Device များ Firmware တင်ရင်းဖြစ်တဲ့ iTune Error 53 ဖြေရှင်းနည်း Video နှင့် ဖြေရှင်းနည်း ၆ မျိုး



iphone-error-53-450x263
iOS Device များ Firmware တင်ရင်းဖြစ်တဲ့ iTune Error 53 ကိုဖြေရှင်းပြထားတဲ့ Video File နှင့်
ဖြေရှင်းနည်း ၆ မျိုးနဲ့ဖြေရှင်းပြထားတဲ့ Link လေးတွေကို ပြန်လည်လမ်းညွှန်ပေးလိုက်ပါတယ်။
Error တက်နေသူများ ၀င်ရောက်ကြည့်ရှူ့ရင်း အဆင်ပြေကြပါစေ ခင်ဗျာ။


အပေါ်က Video File လေးကတော့ Error 53 ကိုဖြေရှင်းပြထားတဲ့ Video File လေးပါ။
ဖြေရှင်းနည်း ၆ မျိုးအားစာနှင့်ရှင်းပြတာလေးကိုတော့ အောက်ကလင့်ကနေ ၀င်ရောက်ကြည့်ရှူ့ လိုက်ပါခင်ဗျာ။

>>> iTune Error 53 အားဖြေစာဖြင့်ဖြေရှင်း ပြထားတဲ့ လင့်အားဝင်ရောက်ကြည့်ရှူ့ရန် <<<

Credit - Ko Htoo (MMAS) www.myanmarmobileapp.com

Online Application များနှင့် Date & Time setting Error



1230415-1668405



Mobile Phone အသုံးပြုသူတော်တော်များများ သတိမထားမိကြတဲ့ Error လို့ပြောလို့ရတဲ့
Date & Time မမှန်တဲ့အချိန်ဖြစ်တက်တဲ့ Error လေးတစ်ခုကို ပြန်တွေးမိလို့ အကြံပြုပေးလိုက်ပါတယ်။
တစ်ခါတစ်လေ ကျတော့်ကိုမေးတက်ကြပါတယ်။ အကိုကျတော့် viber မှာ ဖုန်းနံပါတ်တွေက viber သုံးတယ်လို့
မပြတော့လို့ပါ။ viber မှာပုံတွေမပေါ်တော့ဘူး။ viber မှာ ရှိတဲ့လူအကုန်လုံးက online တွေပဲ အမြဲတမ်းပြနေတယ်။
Facebook ဆိုရင်လဲ ၀င်လိုက်တိုင်း Connection Error တွေပဲပြနေတယ် လို့မေးလာကြပါတယ်။ အဲဒီလို Error မျိုးတွေ
ကြုံလာပြီဆိုရင်တော့ Setting ထဲကိုသွားပြီး Date & Time Setting ကို ၀င်ကြည့်လိုက်ပါ။ Date & Time Setting မှာ
တနေရာမပာုတ် တနေရာတော့လွဲနေပါပြီ။ Date & Time Setting ကို မှန်ကန်စွာချိန်ပေးခြင်းဖြင့် အပေါ်ကလိုမျိုး
Error တွေနည်းတူ Online Application များနဲ့ပတ်သတ်တဲ့ Error များကိုဖြေရှင်းနိုင်ပါတယ် ခင်ဗျာ။
Remark >>> တစ်ခါတစ်ရံဖြစ်တက်တဲ့ သတိမထားမိတက်တဲ့ အခုလို Error များကြုံလာရင် အဆင်ပြေစေရန် အကြံပြုပေးလိုက်ခြင်းဖြစ်ပါတယ်။

Credit - Ko Htoo (MMAS) www.myanmarmobileapp.com

Thursday, November 19, 2015




မင်္ဂလာပါ

                 ကျွန်တော် ဒီ Blog ကိုတည်ထောင်ရခြင်း ရည်ရွှယ်ချက်ကတော့ Mobile Phone အခြေခံ
နည်းပညာများ ၊ အသစ်သစ် ထွက်ရှိလာသော Mobile Phone နှင့်ပတ်သတ်သော Software များ ၊
Service Shop သို့သွားစရာမလိုဘဲ ကိုယ်တိုင်ပြုလုပ်နိုင်သော Firmware တင်ခြင်း ၊ Software သွင်းခြင်း
စသော လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် တင်ပြပေးမည် ဖြစ်ပါသည်။
                 ကျွန်တော်သည် ဆရာတစ်ယောက် မဟုတ်ပါ။ ကျွန်တော် သိ တတ် နားလည်ထားသော
နည်းပညာများကို ပြန်လည်မျှဝေ လိုခြင်းဖြစ်ပါသည်။